Friday, December 20, 2013


လေတပ်လေယဉ်ကွင်းတိုးချဲ့ရန်မြေသယ်ကားများမောင်းနှင်းမှုကြောင့်ပျက်စီးသွားသော ကျန်းမာရေးတက္ကသိုလ် ချည်းကပ်လမ်းပိုင်းအား ကန်ထရိုက် ကုမ္မဏီ ဖြစ်သော GE company မှ ပြန်လည်ပြုပြင်နေ

18.12.2013 ရက်နေ့ က DVB သတင်းဌာန နှင့်အင်တာဗျူး ပြီးသည့် နောက်
ပိုင်း တာဝန်ရှိသူများမှ လုပ်ဆောင်လာသည့် လုပ်ငန်းရပ်ဖြစ်သည်။ယမန်နေ့ 19.12.2013 နေ့ က GE ကုမ္မဏီမှ တာဝန်ရှိသူများက မြေသယ်ကားများမောင်းနှင်အသုံးပြု သည့် လမ်းပိုင်းအားလာရောက်လေ့လာ ပြီး 20.12.2013 ရက်နေ့ တွင်လမ်းပြုပြင်
ရေးလုပ်ငန်းစတင်လုပ်ဆောင်လာကြောင်း ဒေသခံပြည်သူများကပြောသည်။အဆိုပါကိစ္စနှင့် ပတ်သတ်၍ လမ်းပြုပြင်နေသော တာဝန်ခံ မှပြောကြားရာတွင်-

( ကုမ္မဏီ တာဝန်ရှိသူတွေ အနေနဲ့ကျန်းမာရေးတက္ကသိုလ်အကြီးအကဲ တွေ နဲ့ တွေ့ဆုံမယ်လို့ ပြောတယ်။ ကျွန်တော်တို့ လမ်းပြုပြင်မှာ ကတော့ ကျောက်သားထူထူကပ်ပြီးတော့ ကတ်တရာ လမ်းပြန်လုပ်ပေးမှာပါ။လမ်းပြင်မယ့်အပိုင်းက တော့ ဒီ ကျန်းမာရေးတက္ကသိုလ်သို့ ဆိုတဲ့ ဆိုင်းဘုတ်နားကနေ ရေကန်အကွေ့နားလမ်းပိုင်းကိုပြင်မှာပါ)
ဟု ပြောသည်။

ကျန်းမာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှ တာဝန်ခံများနှင့်တွေ့ဆုံစဉ် ပါမောက္ခချုပ်ဒေါက်တာမျိုးသန်းမှ ပြောကြားသည်မှာ-
(တက္ကသိုလ်တစ်ခုအတွက်လမ်းတို့ အဆောက်အဦိတို့ ဆိုတာကတော့ hardware ပေါ့။ Hardware တွေ ကောင်းဖို့လိုသလို software ဖြစ်တဲ့ တက္ကသိုလ်အနေနဲ့ အရည်အသွေးပြည့်မီတဲ့ products တွေ ထုတ်နိုင်ဖို့ အတွက်လည်း ကျောင်းသား/ဆရာ ပူးပေါင်းပြီးကြိုးစားလုပ်ဆောင်ဖို့ လိုမယ်)
ဟုမှာကြားပြောဆိုသည်။

ထို့နောက် လ/ထ မော်ကွန်းထိန်းအနေနှင့်လည်း ကျန်းမာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူးနှင့် တွေ့ဆုံစဉ် တွင်-
(ဆရာတို့အနေနဲ့ လည်း မနေ့ကပဲတိုင်းအစည်းအဝေးမှာ လူမှုရေးဝန်ကြီးကိုတင်ပြခဲ့ပါတယ်။သူ့အနေနဲ့လည်း တိုင်းဝန်ကြီးချုပ်ကိုဆက်လက်တင်ပြသွားမယ်လို့ပြောတယ်)

ဟုပြောပါသည်။ ထိုလမ်းပိုင်းမှာ ပျက်စီးနေသည်မှာ အတော်အတန်ကြာမြင့်နေပြီဖြစ်သည်။ ယခုပြင်ဆင်နေသည်မှာ လည်းဟန်ပြ မဖြစ်စေရန် ကျန်းမာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှ
အလေးအနက်တိုက်တွန်းအပ်ပါသည်။ ယခုအကြိမ်ပြင်ဆင်ပြီးစီးပါကလည်း နောက်ထပ်မြေသယ်ကားများဆက်လက်မောင်းနှင်ပါက လမ်းမှာ ပျက်မြဲပျက်နေမည်သာဖြစ်ပါသည်။ထို့ အတွက်
တက္ကသိုလ်အာဏာပိုင်များအနေနှင့် ကုမ္မဏီမှ နောက်ထပ် project များရှိသေးသည်ဆိုလျှင်သီးခြားလမ်းအသုံးပြု ရန်သတိပေးပြောဆိုရန်လိုအပ်မည်ထင်ပါသည်။

No comments:

Post a Comment