Friday, December 20, 2013
မနက် အစောကြီး အိပ်ယာကနိုးနိုးချင်းပါပဲ
(အောင်ဇင်ထွန်း ထစမ်း အန်တီ အတည်ပြောစရာရှိလို့ )
သွားပြီ အဆောင်လခ တောင်းတော့မယ် ဆိုတာ သိလိုက်တယ်
ဟုတ် အန်တီ ပြောလေ ဆိုတဲ့ စကားမှာ တစ်သက်လုံးပြောင်လာတဲ့ မျက်နှာ ဇီးရွက်လောက် မကျန်အောင် ငယ်ကျသွားတယ်
(သား ဒီလိုလုပ် မင်းလည်း အဆင်ပြေအောင် အန်တီလည်း အဆင်ပြေအောင် နောက်လကျရင် ကျောင်းက အဆောင်ကို ပြောင်းလိုက်လေ
သယ်ရခက်တဲ့ ပစ္စည်းတွေကို ဒီမှာပဲ ထားခဲ့ပေါ့ ပိုက်ဆံလည်း မပေးရပါဘူး
မပြောင်းခင် အဆောင်လခလေးပေးပြီး ကျောင်းမှာပဲ အေးဆေးနေပါ အန်တီကလည်း အဆောင်မှာ အခန်းရှိနေတော့ ပိုက်ဆံလိုချင်တယ် မင်းကလည်း မပေးနိုင်ဘူးလေ တစ်ခြားကျောင်းသားတွေကလည်း လာတော့မှာ ဆိုတော့ ....) တဲ့
အော်............. ဟုတ်ကဲ့ပါ ဆိုတဲ့ စကားတစ်ခွန်းပဲ ပြောနိုင်ခဲ့တယ်
၎ နှစ်လုံးလုံး မိခင် ဖခင်တွေလို သဘောထားနေလာခဲ့တဲ့ အဆောင်က သားသမီးလို သဘောထားတယ်ဆိုတာ အဆောင်လခ ပုံမှန်ပေးခဲ့လို့ဆိုတာ သိလိုက်ရတယ်
ဘယ်လောက်ပဲ ယဉ်ကျေးတဲ့ စကားတွေပြောပြော နောက်ဆုံးမှာတော့ အဆောင်လခ မပေးနိုင်လို့ အဆောင်ကနှင်ထုတ်တာပါပဲ
၎နှစ်ဆိုတဲ့ သံယောဇဉ်ဟာ ပေါင်းသင်းဆက်ဆ၁ံရေးဟာ ပိုက်ဆံ ၄၀၀၀၀ လောက်တောင် အဖိုး မတန်တာကို သိလိုက်ရတယ်
အဆောင်မှာ ထမင်းစားစရာမရှိလို့ ခွေနေတဲ့ ကျောင်းသားတစ်ယောက်ကို အဆောင်လခ မပေးလို့ အဆောင်က နှင်ထုတ်တယ်ဆိုတော့ အော် ...........ဘယ်သူ့အပြစ်မှတော့ မဟုတ်ပါဘူး အဲလောက် မဆိုးလောက်ဘူးထင်ပြီး ပေတေ နေခဲ့တဲ့ ကိုယ့် အပြစ်သာဖြစ်ပါတယ်
ကံဆိုးမသွားရာ မိုးလိုက်ရွာဆိုတာမျိုးက တကယ်ကို ဖြစ်လာပါလား
(အန်တီတို့က ကျောင်းသားတွေကို ကိုယ့်သားသမီးလိုပဲ သဘောထားတယ်ဆိုတဲ့ စကားတွေ ပြန်ပြန်ကြားမိတိုင်း စိတ်နာရတယ် ) တကယ်ပဲ သဘောထားခဲ့ရင် တကယ်ကို အကျပ်အတည်းကာလရောက်နေတဲ့ ကျောင်းသားတစ်ယောက်ကို အဆောင်ကနှင်ထုတ်ပါ့မလား (အဲလိုပြောလာလိမ့်မယ်တော့ လုံးဝ မထင်ခဲ့တာပါ )
အဆောင်လခ မပေးဘူးဆိုတာလည်း တကယ်ကို ကျပ်တည်းလွန်းလို့ မပေးနိုင်တာပါ
ဒါတွေလည်း သိပါတယ်
အမှန်အမှားတွက်ကြည့်ရင်တော့ ကိုယ်က အမှား အဆောင်လခ မပေးလို့ အဆောင်က နှင်တာ ရှင်းလို့ အဲတော့လည်း ..................................
Subscribe to:
Post Comments (Atom)
No comments:
Post a Comment