တစ်နေ့ မှာ မိန်းမတစ်ယောက် က သူ့ ယောက်ကျား ဦးမောင်ကြီးရဲ့ မွေးနေ့ အထိမ်းအမှတ်အဖြစ် အဖော်အချွှတ် ကလပ်တစ်ခုကို ခေါ်သွားတယ် .. ကလပ် လဲ ရောက်ရော ကလပ်တံခါးစောင့်က " ဦးမောင်ကြီး .. ဒီနေ့ စောလှချည်လားဗျ " လို့ နှုတ်ဆက်တော့ သူ့ မိန်းမ က နည်းနည်းတင်းသွားပြီး ရှင့်ကို ဘယ်လိုလုပ်သိတာလဲလို့ မေးတယ် .. ဒီတော့ ဦးမောင်ကြီး က ပြုံးဖြီးဖြီးနဲ့ သူ က ငါနဲ့ ညတိုင်းဘောလုံးကန်နေကြလေ လို့ ပြန်ဖြေတယ် .. ကလပ် ထဲလည်း ရောက်ရော ၀ိတ်တာလေး က "ဆရာ .. ထုံးစံအတိုင်းပဲလား" လို့ မေးတော့ ဦးမောင်ကြီး က သူ့ မိန်းမကို တစ်ချက်လှည့်ကြည့်ပီး ဒီကောင်လေးနဲ့ ငါနဲ့ ရေကူးနေကျလေ လို့ ပြန်ပြောလိုက်တယ် .. နောက်ဆုံး ကလပ်မှာ ကနေတဲ့ ကောင်မလေးက ဦးမောင်ကြီး အနားကို ကပ်လာပြီး " ကိုမောင် ဒီနေ့ ရော ဘာအစီအစဉ်ရှိလဲ " လို့ မေးလိုက်တာကို သူ့ မိန်းမလည်း ကြားသွားရော မျက်နှာကြီးနီပီး ဒေါသတွေထွက်ကာ ဦးမောင်ကြီး ကို ဂုတ်ကဆွဲပြီး ကလပ်အပြင်မှာရှိတဲ့ Taxi ပေါ်တက်ပြီး အိမ်ပြန်ဖို့ လုပ်တယ် .. ဒီတော့မှ တက်စီ ဆရာ ကို နောက်လှည့်ကြည့်ပီးပြောလိုက်တယ်
~ မောင်သော်
အထာကျတဲ့အာဂဟာသများ
No comments:
Post a Comment