Friday, December 20, 2013
ဒါကတော့ research လုပ်ရာမှာ အသုံးပြုတဲ့ SPSS software ကို အသုံးပြုနည်း ဖြစ်ပါတယ် ကိုသန့်ဇင်ရဲ့ Old flame blog က ယူလာတာပါ
Old Flame: How do Grouping in SPSS: ကျောင်းက သင်လိုက်တာလေးတွေမေ့သွားရင် ဒီမှာ ပြန်နွှေးလိုက်ရအောင်ဗျာ။ group ခွဲနည်းအကြောင်းပြောကြမယ်။ spss မရှိသေးရင် ဒီမှာ ယူပါ။ ပထမဦးဆ...
Old Flame: မိုးဇက်ရဲ့ကဗျာ
Old Flame: မိုးဇက်ရဲ့ကဗျာ: အသံများ တီးတိုးစကားသံများ တံစက်မြိတ်မှာ ခိုတွဲနေတဲ့ေ၇စက်ကလေးတွေ ခုန်ဆင်းသွားသလို မိုးစက်ကလေးတွေမှန်ပြတင်းကို ခုန်ကပ်လိုက်သလို သွပ်မို...
UCH ကျောင်းသားသမဂ္ဂ အဖွဲ့  ကို
ယ နေ့  (August 25, 2013) နံနက် မှာ
စတင် ဖွဲ့ စည်း လိုက်ပါတယ်။
အမှု ဆောင် အဖွဲ့ ဝင် များမှာ၊
ဥက္ကဌ။ ။ကိုအောင် ဇင် ထွန်း(ဖိုင် နယ်)
ဒုဥက္ကဌ။ ။ကိုထက်အောင်ကျော် (တတိယနှစ်)်
အတွင်းရေးမုး။ ။ကိုတိုးအောင် (တတိယနှစ်)်
တွဲဖက်အတွင်းရေးမှူး။ ။ကိုအာကာဖြိုးသန့် (ဒုတိယနှစ်)
ပြန်ကြား/ဆက်သွယ်ရေး။ ။ကိုအောင် ဇင် ထွန်း(တတိယနှစ်)
တွဲဖက်ပြန်ကြားဆက်သွယ်ရေး။ ။ကိုမင်းနောင်(တတိယနှစ်)
။ကိုဇင် မျိုးထက်အောင်(ဒု)
ဘဏ္ဍာရေးမှူး။ ။မ ရွှေစင်ဝင်း(ဒု)
တွဲဖက်ဘဏ္ဍာရေးမှူး။ ။ကိုထက်နိုင်အောင်(ဖိုင် နယ်)
မှတ်တမ်း။ ။မ ဆွေဆွေသိန်းထွန်း(တတိယနှစ်)
တွဲဖက်မှတ်တမ်း။ ။မချိုဇင်ဝင်း(တတိယနှစ်)
အဖွဲ့ ဝင်များ။ ။မယုရတနာမြင့် ၊(တတိယနှစ်)
် ။မမေရတနာစိုး(ဒုတိယနှစ်)
။ကိုသန်းထိုက်အောင်(ဖိုင်နယ်)
ယ နေ့  (August 25, 2013) နံနက် မှာ
စတင် ဖွဲ့ စည်း လိုက်ပါတယ်။
အမှု ဆောင် အဖွဲ့ ဝင် များမှာ၊
ဥက္ကဌ။ ။ကိုအောင် ဇင် ထွန်း(ဖိုင် နယ်)
ဒုဥက္ကဌ။ ။ကိုထက်အောင်ကျော် (တတိယနှစ်)်
အတွင်းရေးမုး။ ။ကိုတိုးအောင် (တတိယနှစ်)်
တွဲဖက်အတွင်းရေးမှူး။ ။ကိုအာကာဖြိုးသန့် (ဒုတိယနှစ်)
ပြန်ကြား/ဆက်သွယ်ရေး။ ။ကိုအောင် ဇင် ထွန်း(တတိယနှစ်)
တွဲဖက်ပြန်ကြားဆက်သွယ်ရေး။ ။ကိုမင်းနောင်(တတိယနှစ်)
။ကိုဇင် မျိုးထက်အောင်(ဒု)
ဘဏ္ဍာရေးမှူး။ ။မ ရွှေစင်ဝင်း(ဒု)
တွဲဖက်ဘဏ္ဍာရေးမှူး။ ။ကိုထက်နိုင်အောင်(ဖိုင် နယ်)
မှတ်တမ်း။ ။မ ဆွေဆွေသိန်းထွန်း(တတိယနှစ်)
တွဲဖက်မှတ်တမ်း။ ။မချိုဇင်ဝင်း(တတိယနှစ်)
အဖွဲ့ ဝင်များ။ ။မယုရတနာမြင့် ၊(တတိယနှစ်)
် ။မမေရတနာစိုး(ဒုတိယနှစ်)
။ကိုသန်းထိုက်အောင်(ဖိုင်နယ
လေတပ်လေယဉ်ကွင်းတိုးချဲ့ရန်မြေသယ်ကားများမောင်းနှင်းမှုကြောင့်ပျက်စီးသွားသော
ကျန်းမာရေးတက္ကသိုလ် ချည်းကပ်လမ်းပိုင်းအား ကန်ထရိုက် ကုမ္မဏီ ဖြစ်သော GE
company မှ ပြန်လည်ပြုပြင်နေ
18.12.2013 ရက်နေ့ က DVB သတင်းဌာန နှင့်အင်တာဗျူး ပြီးသည့် နောက်
ပိုင်း တာဝန်ရှိသူများမှ လုပ်ဆောင်လာသည့် လုပ်ငန်းရပ်ဖြစ်သည်။ယမန်နေ့
19.12.2013 နေ့ က GE ကုမ္မဏီမှ တာဝန်ရှိသူများက
မြေသယ်ကားများမောင်းနှင်အသုံးပြု သည့် လမ်းပိုင်းအားလာရောက်လေ့လာ ပြီး
20.12.2013 ရက်နေ့ တွင်လမ်းပြုပြင်
ရေးလုပ်ငန်းစတင်လုပ်ဆောင်လာကြောင်း ဒေသခံပြည်သူများကပြောသည်။အဆိုပါကိစ္စနှင့် ပတ်သတ်၍ လမ်းပြုပြင်နေသော တာဝန်ခံ မှပြောကြားရာတွင်-
( ကုမ္မဏီ တာဝန်ရှိသူတွေ အနေနဲ့ကျန်းမာရေးတက္ကသိုလ်အကြီးအကဲ တွေ နဲ့
တွေ့ဆုံမယ်လို့ ပြောတယ်။ ကျွန်တော်တို့ လမ်းပြုပြင်မှာ ကတော့
ကျောက်သားထူထူကပ်ပြီးတော့ ကတ်တရာ
လမ်းပြန်လုပ်ပေးမှာပါ။လမ်းပြင်မယ့်အပိုင်းက တော့ ဒီ
ကျန်းမာရေးတက္ကသိုလ်သို့ ဆိုတဲ့ ဆိုင်းဘုတ်နားကနေ
ရေကန်အကွေ့နားလမ်းပိုင်းကိုပြင်မှာပါ)
ဟု ပြောသည်။
ကျန်းမာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှ တာဝန်ခံများနှင့်တွေ့ဆုံစဉ် ပါမောက္ခချုပ်ဒေါက်တာမျိုးသန်းမှ ပြောကြားသည်မှာ-
(တက္ကသိုလ်တစ်ခုအတွက်လမ်းတို့ အဆောက်အဦိတို့ ဆိုတာကတော့ hardware ပေါ့။
Hardware တွေ ကောင်းဖို့လိုသလို software ဖြစ်တဲ့ တက္ကသိုလ်အနေနဲ
့အရည်အသွေးပြည့်မီတဲ့ products တွေ ထုတ်နိုင်ဖို့ အတွက်လည်း
ကျောင်းသား/ဆရာ ပူးပေါင်းပြီးကြိုးစားလုပ်ဆောင်ဖို့ လိုမယ်)
ဟုမှာကြားပြောဆိုသည်။
ထို့နောက် လ/ထ မော်ကွန်းထိန်းအနေနှင့်လည်း ကျန်းမာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူးနှင့် တွေ့ဆုံစဉ် တွင်-
(ဆရာတို့အနေနဲ့ လည်း မနေ့ကပဲတိုင်းအစည်းအဝေးမှာ
လူမှုရေးဝန်ကြီးကိုတင်ပြခဲ့ပါတယ်။သူ့အနေနဲ့လည်း
တိုင်းဝန်ကြီးချုပ်ကိုဆက်လက်တင်ပြသွားမယ်လို့ပြောတယ်)
ဟုပြောပါသည်။ ထိုလမ်းပိုင်းမှာ ပျက်စီးနေသည်မှာ
အတော်အတန်ကြာမြင့်နေပြီဖြစ်သည်။ ယခုပြင်ဆင်နေသည်မှာ လည်းဟန်ပြ မဖြစ်စေရန်
ကျန်းမာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှ
အလေးအနက်တိုက်တွန်းအပ်ပါသည်။
ယခုအကြိမ်ပြင်ဆင်ပြီးစီးပါကလည်း နောက်ထပ်မြေသယ်ကားများဆက်လက်မောင်းနှင်ပါက
လမ်းမှာ ပျက်မြဲပျက်နေမည်သာဖြစ်ပါသည်။ထို့ အတွက်
တက္ကသိုလ်အာဏာပိုင်များအနေနှင့် ကုမ္မဏီမှ နောက်ထပ် project
များရှိသေးသည်ဆိုလျှင်သီးခြားလမ်းအသုံးပြု
ရန်သတိပေးပြောဆိုရန်လိုအပ်မည်ထင်ပါသည်။
မှတ်ပလားကွ
မင်္ဂလာဦး၊ ဇနီးမောင်နှံနှစ်ဦး ပျော်ရွှင်စာ အိမ်သစ်သို့ ပြောင်းရွှေ့ကြသည်။
နောက်တစ်နေ့“မောင်ရေ… ချစ်တို့ရဲ့ ရေချိုးခန်းက ရေပိုက်က ယိုနေတဲ့မောင်ရဲ့ မောင်ပြင်ပေးပါလားဟင်”
“ဘာကွ… မင်းက ငါ့ကို ပိုက်ပြင်သမားများ မှတ်နေလား”
နောက်တစ်နေ့“မောင်ရေ… ချစ်တို့ရဲ့ ကားက စက်နှိုးလို့မရတော့ဘူး။ မောင်တစ်ချက်လောက် ကြည့်ကြည်ပါလားဟင်”
“ဘာကွ…. မင်းကငါ့ကို စက်ပြင်ဆရာများမှတ်နေလား”
နောက်တစ်နေ့………. မိုးများ သည်းသည်းမည်းမည်းရွာနေသည်“မောင် ရေ.. အိမ်ခေါင်မိုးက ရေတွေယိုနေတယ်၊ မောင်တစ်ချက်လောက် ကြည့်ကြည်ပါလားဟင်”
“ဘာကွ.. မင်းကငါ့ကို ခေါင်မိုးဖာတဲ့လူများထင်နေလား”
နောက်တစ်နေ့ ယောက်ျားဖြစ်သူ အိမ်သို့ပြန်လာသည်။ ရေချိုးခန်းက ရေပိုက်လည်း မယိုတော့၊ ကားကလည်း စက်နှိုးလို့ရသည်။ အိမ်ခေါင်မိုးလည်း မိုးမယိုတော့
“ချစ်ရေ… အားလုံးအိုကေနေပါလား.. ချစ်ဘယ်လိုလုပ်လိုက်တာလည်း”
“သြော်.. ဒီလိုမောင်ရဲ့ ချစ်တို့ အိမ်နီးချင်းက အဲ့ဒါတွေ အကုန်လုပ်ပေးသွားတာ”
“ဟုတ်လား ချစ်ရဲ့ ဘယ်လောက်ပေးလိုက်ရလဲ”
“ဟင့်အင်း မပေးရပါဘူး။ အိမ်နီးချင်းကပြောတယ်.. သူ့ကို ကိတ်မုန့်ဖုတ်ကျွေးချင်ကျွေး၊ မကျွေးချင်ရင် ချစ်ကို သူနဲ့ အိပ်ပါတဲ့”
“သြော်.. ဒါဆို ချစ်က သူ့ကို ဘယ်လိုမျိုး ကိတ်မုန့် ဖုတ်ကျွေးလိုက်လဲ”
“ဘာရှင့်.. ရှင်က ကျွန်မကို ကိတ်မုန့်ဖုတ်သမားများ အောက်မေ့နေလား”
~သေးထွက်ရီရသောဟာသများ~
မင်္ဂလာဦး၊ ဇနီးမောင်နှံနှစ်ဦး ပျော်ရွှင်စာ အိမ်သစ်သို့ ပြောင်းရွှေ့ကြသည်။
နောက်တစ်နေ့“မောင်ရေ… ချစ်တို့ရဲ့ ရေချိုးခန်းက ရေပိုက်က ယိုနေတဲ့မောင်ရဲ့ မောင်ပြင်ပေးပါလားဟင်”
“ဘာကွ… မင်းက ငါ့ကို ပိုက်ပြင်သမားများ မှတ်နေလား”
နောက်တစ်နေ့“မောင်ရေ… ချစ်တို့ရဲ့ ကားက စက်နှိုးလို့မရတော့ဘူး။ မောင်တစ်ချက်လောက် ကြည့်ကြည်ပါလားဟင်”
“ဘာကွ…. မင်းကငါ့ကို စက်ပြင်ဆရာများမှတ်နေလား”
နောက်တစ်နေ့………. မိုးများ သည်းသည်းမည်းမည်းရွာနေသည်“မောင်
“ဘာကွ.. မင်းကငါ့ကို ခေါင်မိုးဖာတဲ့လူများထင်နေလား”
နောက်တစ်နေ့ ယောက်ျားဖြစ်သူ အိမ်သို့ပြန်လာသည်။ ရေချိုးခန်းက ရေပိုက်လည်း မယိုတော့၊ ကားကလည်း စက်နှိုးလို့ရသည်။ အိမ်ခေါင်မိုးလည်း မိုးမယိုတော့
“ချစ်ရေ… အားလုံးအိုကေနေပါလား.. ချစ်ဘယ်လိုလုပ်လိုက်တာလည်း”
“သြော်.. ဒီလိုမောင်ရဲ့ ချစ်တို့ အိမ်နီးချင်းက အဲ့ဒါတွေ အကုန်လုပ်ပေးသွားတာ”
“ဟုတ်လား ချစ်ရဲ့ ဘယ်လောက်ပေးလိုက်ရလဲ”
“ဟင့်အင်း မပေးရပါဘူး။ အိမ်နီးချင်းကပြောတယ်.. သူ့ကို ကိတ်မုန့်ဖုတ်ကျွေးချင်ကျွေး၊ မကျွေးချင်ရင် ချစ်ကို သူနဲ့ အိပ်ပါတဲ့”
“သြော်.. ဒါဆို ချစ်က သူ့ကို ဘယ်လိုမျိုး ကိတ်မုန့် ဖုတ်ကျွေးလိုက်လဲ”
“ဘာရှင့်.. ရှင်က ကျွန်မကို ကိတ်မုန့်ဖုတ်သမားများ အောက်မေ့နေလား”
~သေးထွက်ရီရသောဟာသများ~
ဒီဓါတ်ပုံမြင်တော့ စိတ်ထဲမကောင်းလှဘူး
ဓါတ်ပုံအမြင်အရတော့ဦးသိန်းစိန်လည်းအပြောခံချင်စရာပဲ ဒါပေမယ့် အသက်ချင်းယှဉ်ကြည့်ပါ အိုဘားမား ဘယ်အရွယ်လဲ ဦးသိန်းစိန် ဘယ်အရွယ်လဲ ဘယ်အရွယ်ဆို ဘယ်ရောဂါတွေ ဖြစ်တတ်လဲ ဒူးနာခါးနာ အစရှိသဖြင့်ပေါ့ တကယ်ပဲ ဦးသိန်းစိန်က အကျောကြီးနဲ့ ခိုင်းတာလား ဆိုတာ စဉ်းစားဖိ့လိုတယ် ကိုယ့်ပုဆိုးတောင်ကိုယ် အနိုင်နိုင်ဝတ်နေရတဲ့ အဖိုးအဖွားတွေနဲ့ ဦးသိန်းစိန်ဟာ အသက်ချင်းသိပ် မကွာဘူးဆိုတာ လည်းထည့်စဉ်းစားသင့်တယ် ဆရာကြီး လုပ်တာမဟုတ်သလို ဦးသိန်းစိန်ဖက်က ကာကွယ်ပြောတာလဲ မဟုတ်ပါဘူး ဒါပေမယ့် ဒီပုံကို Share သူတွေ သေချာစဉ်းစားကြည့်ပြိးမှ စဉ်းစားကြည့်ပေးပါ။ အပုပ်ချသူတွေရဲ့ အသုံးချခံဖြစ်မှာစိုးလို့ပါ စိတ်မရှိပါနဲ့ စိတ်ထဲတော့ မကောင်းလှဘူးဗျာ
သူရဲကောင်းအဖေနှင့် ကျွန်တော်သားမိုက်
အဖေကျွန်တော် ကောင်မလေးနဲ့ မိတ်ဆက်ပေးမယ်ဗျာ ဆိုတော့
နေပါစေ ငါ့သားရာ ကိုယ်က မပြည့်စုံတော့ ဘယ်သူ့ကို မှ သမီးလို့ မခေါ်ရဲပါဘူး တဲ့
တောသားကြီး အဖေ ဘုန်းကြီးကျောင်းပညာရေးနဲ့ အဖေ့စကားရိုးရိုးကြီးတွေကို ကျွန်တော်ဘယ်လို နှစ်သိမ့်ရမှန်း မသိလောက်အောင်ကို ဆွံ့အ ခဲ့တာ
မင်းအစ်မ ယောကျာင်္းလည်း သူကတော့ အဖေလို့ ခေါ်ပါတယ်တဲ့
ဒါပေမယ့်ကွာ တဲ့ ငါ သားလို့ မခေါ်ရဲဘူးကွာ တဲ့
ကျွန်တော် မိုက်ခဲ့တာပါ ဘယ်လောက် ပညာတွေ သင်ခဲ့သင်ခဲ့
ဘယ်တော့မှ တာဝန်မကျေခဲ့ဘူး
တမင်လုပ်ယူတာ မဟုတ်တဲ့ အဖေ့ရဲ့ ရိုးသားမှုတွေထဲမှာ ကျွန်တော် သင်ယူလို့ မကုန်တဲ့ ပညာတွေ ရှိလေရဲ့
ကျွန်တော်မှတ်မိသေးတယ်........
........................................
..........................................
ကျွန်တော် ၉ တန်း ရွာကနေ ခွဲပြီး ဆိုင်ပြင်ကို ကျောင်းသွားတက်ရတယ်
ကျွန်တော် ကျောင်းပိတ်လို့ ပြန်လာမယ်ဆိုတိုင်း သူကိုယ်တိုင် ပေါက်တူးတစ်လက်ကိုင်ပြီး လယ်ကြွက်ထွက်တူးလေ့ရှိတယ်
ကျွန်တော် သိပ်ကြိုက်တယ်လေ (အဲအချိန်တုန်းက အဖေက အသက်အရွယ်အရ လယ်အလုပ်ကိုတောင် ပင်ပင်ပန်းပန်းဆို မလုပ်တော့ပါဘူး ဒါပေမယ့် ကျွန်တော် ပြန်လာမယ်ဆိုတိုင်း အခုချိန်အထိ လယ်ကြွက်ထွက်တူးနေဆဲပဲ အခု ကျွန်တော့် အသက်က ၂၂)
ကျွန်တော့် သူငယ်ချင်းတွေ အလည်လိုက်လာမယ်ဆိုရင် နည်းနည်း လည်လည်ဝယ်ဝယ်ရှိတဲ့ အမေက ကော်ဖီ လက်ဖက်ရည် ကိတ်မုန့် အဲလို မုန့်မျိုး စုံဝယ်လေ့ရှိပေမယ့် အဖေက တော့ ဟာ ဒါဆို ငါကြွက်တူးထားလိုက်မယ်ဆိုတာ မျိုး ပဲ ပြောလေ့ရှိတယ်
ကျွန်တော့ သူငယ်ချင်းတွေလည်း မြို့က ဆိုတော့ ကြွက်သားဆိုတာကို ရွံ့ကြပါတယ်
ဒါပေမယ့် ကျွန်တော်တို့အိမ်မှာ ချက်ပြုတ် ထားတာတွေစားပြီးတဲ့ အခါ သူတို့ ကျွန်တော်တို့ အိမ်ကို ကြွက်သားစားဖို့ တစ်ခုတည်း အတွက် ကြိုပြောပြီး အလည်လာလေ့ရှိပါတယ် အဖေက လည်း သိပ်ဂုဏ်ယူပါတယ် သူ့အတွက် ဆီးဂိမ်းကို အိမ်ရှင်အဖြစ်ကျင်းပခွင့် ရသလိုပဲလေ (ဒါပေမယ့် ငွေကုန်ကြေးကျ မများပါဘူး)
ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး ကျွန်တော်မှတ်မိသေးတယ်
ကျွန်တော့် အစ်မ အိမ်ထောင်မကျခင် အစ်မရည်းစားက အိမ် အလည်လာရင် အဖေက တခြားဘာမှ မသိဘူး ပေါက်တူးတစ်လက် ကိုင်ပြီး ကြွက်တူးပဲ ထွက်လေ့ရှိတယ် အဲလိုလုပ်ပေးရတာလည်း သူကျေနပ်တယ် သူများတွေက ကဲ့ရဲ့မှာ ဘာညာ ကိုယ်က သမီးရှင်ပဲ တင်းထားမယ် ဘာညာ တကယ် မရှိခဲ့တာပါ
(တစ်ခါတစ်လေ အစ်မ ရည်းစားနဲ့ အစ်မ စကားပြောနေရင် သူကရှောင်တောင် ပေးသေးတယ် အဲလောက် ရိုးတာ)
ကျွန်တော့် အစ်မရည်းစား အိမ်အလည်လာရင် ကျန်တဲ့သူတွေက နည်းနည်း ခပ်တည်တည်နေပေမယ့် သူက ပြာနေတာပဲ(ကျန်တဲ့လူတွေ ခပ်တည်တည်နေနေလို့လည်းဖြစ်နိုင်တယ် ) ရေခပ်ပေးရတာနဲ့ ယပ်တောင်ရှာပေးရတာနဲ့ ဂုဏ်သရေရှိအမည်ခံ အသိုင်းအ၀ိုင်းရဲ့ အမူအကျင့် ဟန်ဆောင်မှုတွေ သူနားမလည်ပါဘူး
အစ်ခု အစ်မကလည်း အိမ်ထောင်ကျနေပါပြီ ဒါပေမယ့် သူကတော့ အရင်အတိုင်းပါပဲ သမက်ဖြစ်သွားလို့ဆိုပြီး ဘာညာ ငါကယောက္ခမဆိုတဲ့ ဂုဏ်သိက္ခာနဲ့ တကယ် မနေတတ်ပါဘူး သားမက်နဲ့ သမီး အိမ်အလည်လာမယ်ဆိုရင် ကြွက်တူးဖို့ စိုင်းပြင်းဆဲပါပဲ။ အဖေက သားသမီးတွေ အပေါ် လုံးဝ တတ်သိနားလည်မှုရှိတဲ့သူ သားသမီးတွေ လိုအပ်သမျှဖြည့်ဆည်းပေးနိုင်သူ မဟုတ်ပေမယ့် သူ့မှာရှိသမျှ ချပြရဲတဲ့သူပါ သူတတ်သမျှအစွမ်းကုန်ဖြည့်စည်းပေးတဲ့သူပါ
ကျွန်တော်က မတောက်တခေါက်ပညာရေးနဲ့ ကဗျာရေးရင် သူက နားမလည် ပါးမလည်နဲ့ အားပေးတဲ့သူပါ
ကျွန်တော်က မတောက်တခေါက် သီချင်းလေးဆိုတော့ သူကခွေလေးကိုင်ပြီး တစ်ရွာလုံးကို ပတ်ကြွားတဲ့သူပါ ကျွန်တော့်ရဲ့ အမာခံ ပရိတ်သတ်ပါ
သင်္ကြန်မှာ ရွာအရပ်ဇာတ်ကတော့ ကျွန်တော့်သီချင်းဆိုတဲ့ကလေးတစ်ယောက်ကို မုန့်ဖိုး ၅၀၀၀ ဆုချပါတယ် (ရွာမှာဆို ၃ ရက်လုပ်ခစာရှိပါတယ်။ ဒါပေမယ့် အခုခောတ် နိုင်ငံရေးမြူစွယ်မှုတွေနဲ့တော့ မတူပါဘူး)
အဖေက ရဲရင့်သလို အားလည်း ငယ်တတ်ပါတယ်
အသက် ၅၀ ကျော်မှ စီးပွားရေးအခြေအနေအရ(ကျွန်တော်မိုက်ခဲ့တာက အဓိကပါ)
တစ်နယ်တစ်ကြေးကို အလုပ်ကြမ်းထွက်လုပ်ရပါတယ်
ပထမတစ်ခေါက် ဖားကန့်သွားတုန်းက ကျွန်တော်လည်းပါပါတယ်
ကျွန်တော်က ကျောင်းတက်ရမှာမို့ ပြန်တော့ သူတစ်ယောက်တည်း ကျန်ခဲ့တော့ ချုံးပွဲချတောင် ငိုပါတယ်
ဖားကန့်မှာတုန်းက ကျွန်တော်က ကျောက်ရှာ သူက နေ့စားလုပ်ပါတယ် နေရတာလည်း မတုပါဘူး ခွဲနေရပါတယ်
တစ်ခါတစ်လေ သူကျွန်တော့်ဆီ လာရင် သူ့သားကျန်းမာရေးတက္ကသိုလ်ကျောင်းသားကြီးကို ငါ့သား မင်း ဟိုဟာ ဒီဟာတွေ လုပ်ရင် ဘယ်လို အကာအကွယ် သုံး ဘာညာ ဆုံးမပါတယ်
တကယ်က သူလည်း သိတာမဟုတ်ပါဘူး ဒါပေမယ့် မလုပ်နဲ့လည်း မတားရှာပါဘူး
အဲတော့မှာ ကျွန်တော်တို့က ရယ်ပြီး အဖေရယ် ကျွန်တော်က ကျန်းမာရေးတက္ကသိုလ်ကျောင်းသားတစ်ယောက်လေ မေ့နေတာလား ဒါတွေ သိပါတယ်ဗျ စိတ်ချပါ မလုပ်ပါဘူးဆို မှ သူက ရယ်ကြဲကြဲနဲ့ အေးပါကွာ သဘောပြောတာပါဆိုပြီး ရှောချသွားပါတယ်
နောက်ပိုင်း ဖားကန့်က အလုပ်အဆင်မပြေတော့ မိုးကုပ်ကို သွားပါတယ်
တစ်ခါတစ်လေ ဖုန်းဆက်တိုင်းလည်း ငိုသံပါကြီးနဲ့ ငါ့သား စာကြိုးစားကွာနောဆိုပြီး မှာလေ့ရှိပါတယ် (ကျွန်တော်က မလိမ္မာပါဘူး )
ကျွန်တော် စာမေးပွဲကျတိုင်း မာန်မာနကြီးတဲ့ အမေက ကျွန်တော့်ကို စိတ်ကုန်နေတဲ့ မျက်နှာပြလေ့ရှိပေမယ့် အဖေကတော့ ငါ့သားရာ ဆိုတဲ့ စကားလောက်ပဲပြောပါတယ်
ကျွန်တော်ကျောင်းပြီးရင် ဆိုတဲ့ စိတ်ကူးတစ်ခုရှိပါတယ်
မိသားစုအရေး သားရေး သမီးရေးတွေပဲ ရုန်းကန်နေရရှာတဲ့ အဖေနဲ့ အမေကို ဘုရားတရားလေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်စေချင်တယ် ကျွန်တော်ကမှ တရားစခန်းဘာညာ ၀င်ဖူးသေးတယ် ကျွန်တော့်အဖေနဲ့ အမေက တစ်ခါမှ မ၀င်ဖူးသေးပါဘူး ဥပုပ်တောင် နေ့တစ်ဝက်လောက်ပဲ စောင့်ဖူးကြတာပါ
မတော်တဆ .................များ ဆိုတဲ့ အတွေးတစ်ခုကို ကျွန်တော် စိုးရိမ်ပါတယ် အလွန်စိုးရိမ်ပါတယ်
ဒါကြောင့် ကျွန်တော်ကျောင်းပြီးတာနဲ့ အဖေနဲ့ အမေကို တရားစခန်း ရက်ရှည် ၀င်အောင်တိုက်တွန်းမယ် အိမ်အလုပ်တွေ စီးပွားရေး ကိစ္စတွေ ကျွန်တော်ကြိုးစားရုန်းကန်မယ် ဒါက ကျွန်တော့် ဦးစားပေးရည်ရွယ်ချက်ပါ
ဒါပေမယ့်လည်း သိပ်ချစ်စရာကောင်းတဲ့ မိဘ နှစ်ပါးမှာ သိပ်ဆိုးတဲ့ သားတစ်ယောက်ရှိလေရဲ့
တစ်အိုးတည်းချက်တာချင်းအတူတူ အနပ်မညီတဲ့ကျွန်တော်က အခုထိ ကျောင်းမပြီးသေးပါဘူး.................
မနက် အစောကြီး အိပ်ယာကနိုးနိုးချင်းပါပဲ
(အောင်ဇင်ထွန်း ထစမ်း အန်တီ အတည်ပြောစရာရှိလို့ )
သွားပြီ အဆောင်လခ တောင်းတော့မယ် ဆိုတာ သိလိုက်တယ်
ဟုတ် အန်တီ ပြောလေ ဆိုတဲ့ စကားမှာ တစ်သက်လုံးပြောင်လာတဲ့ မျက်နှာ ဇီးရွက်လောက် မကျန်အောင် ငယ်ကျသွားတယ်
(သား ဒီလိုလုပ် မင်းလည်း အဆင်ပြေအောင် အန်တီလည်း အဆင်ပြေအောင် နောက်လကျရင် ကျောင်းက အဆောင်ကို ပြောင်းလိုက်လေ
သယ်ရခက်တဲ့ ပစ္စည်းတွေကို ဒီမှာပဲ ထားခဲ့ပေါ့ ပိုက်ဆံလည်း မပေးရပါဘူး
မပြောင်းခင် အဆောင်လခလေးပေးပြီး ကျောင်းမှာပဲ အေးဆေးနေပါ အန်တီကလည်း အဆောင်မှာ အခန်းရှိနေတော့ ပိုက်ဆံလိုချင်တယ် မင်းကလည်း မပေးနိုင်ဘူးလေ တစ်ခြားကျောင်းသားတွေကလည်း လာတော့မှာ ဆိုတော့ ....) တဲ့
အော်............. ဟုတ်ကဲ့ပါ ဆိုတဲ့ စကားတစ်ခွန်းပဲ ပြောနိုင်ခဲ့တယ်
၎ နှစ်လုံးလုံး မိခင် ဖခင်တွေလို သဘောထားနေလာခဲ့တဲ့ အဆောင်က သားသမီးလို သဘောထားတယ်ဆိုတာ အဆောင်လခ ပုံမှန်ပေးခဲ့လို့ဆိုတာ သိလိုက်ရတယ်
ဘယ်လောက်ပဲ ယဉ်ကျေးတဲ့ စကားတွေပြောပြော နောက်ဆုံးမှာတော့ အဆောင်လခ မပေးနိုင်လို့ အဆောင်ကနှင်ထုတ်တာပါပဲ
၎နှစ်ဆိုတဲ့ သံယောဇဉ်ဟာ ပေါင်းသင်းဆက်ဆ၁ံရေးဟာ ပိုက်ဆံ ၄၀၀၀၀ လောက်တောင် အဖိုး မတန်တာကို သိလိုက်ရတယ်
အဆောင်မှာ ထမင်းစားစရာမရှိလို့ ခွေနေတဲ့ ကျောင်းသားတစ်ယောက်ကို အဆောင်လခ မပေးလို့ အဆောင်က နှင်ထုတ်တယ်ဆိုတော့ အော် ...........ဘယ်သူ့အပြစ်မှတော့ မဟုတ်ပါဘူး အဲလောက် မဆိုးလောက်ဘူးထင်ပြီး ပေတေ နေခဲ့တဲ့ ကိုယ့် အပြစ်သာဖြစ်ပါတယ်
ကံဆိုးမသွားရာ မိုးလိုက်ရွာဆိုတာမျိုးက တကယ်ကို ဖြစ်လာပါလား
(အန်တီတို့က ကျောင်းသားတွေကို ကိုယ့်သားသမီးလိုပဲ သဘောထားတယ်ဆိုတဲ့ စကားတွေ ပြန်ပြန်ကြားမိတိုင်း စိတ်နာရတယ် ) တကယ်ပဲ သဘောထားခဲ့ရင် တကယ်ကို အကျပ်အတည်းကာလရောက်နေတဲ့ ကျောင်းသားတစ်ယောက်ကို အဆောင်ကနှင်ထုတ်ပါ့မလား (အဲလိုပြောလာလိမ့်မယ်တော့ လုံးဝ မထင်ခဲ့တာပါ )
အဆောင်လခ မပေးဘူးဆိုတာလည်း တကယ်ကို ကျပ်တည်းလွန်းလို့ မပေးနိုင်တာပါ
ဒါတွေလည်း သိပါတယ်
အမှန်အမှားတွက်ကြည့်ရင်တော့ ကိုယ်က အမှား အဆောင်လခ မပေးလို့ အဆောင်က နှင်တာ ရှင်းလို့ အဲတော့လည်း ..................................
တစ်နေ့ မှာ မိန်းမတစ်ယောက် က သူ့ ယောက်ကျား ဦးမောင်ကြီးရဲ့ မွေးနေ့ အထိမ်းအမှတ်အဖြစ် အဖော်အချွှတ် ကလပ်တစ်ခုကို ခေါ်သွားတယ် .. ကလပ် လဲ ရောက်ရော ကလပ်တံခါးစောင့်က " ဦးမောင်ကြီး .. ဒီနေ့ စောလှချည်လားဗျ " လို့ နှုတ်ဆက်တော့ သူ့ မိန်းမ က နည်းနည်းတင်းသွားပြီး ရှင့်ကို ဘယ်လိုလုပ်သိတာလဲလို့ မေးတယ် .. ဒီတော့ ဦးမောင်ကြီး က ပြုံးဖြီးဖြီးနဲ့ သူ က ငါနဲ့ ညတိုင်းဘောလုံးကန်နေကြလေ လို့ ပြန်ဖြေတယ် .. ကလပ် ထဲလည်း ရောက်ရော ၀ိတ်တာလေး က "ဆရာ .. ထုံးစံအတိုင်းပဲလား" လို့ မေးတော့ ဦးမောင်ကြီး က သူ့ မိန်းမကို တစ်ချက်လှည့်ကြည့်ပီး ဒီကောင်လေးနဲ့ ငါနဲ့ ရေကူးနေကျလေ လို့ ပြန်ပြောလိုက်တယ် .. နောက်ဆုံး ကလပ်မှာ ကနေတဲ့ ကောင်မလေးက ဦးမောင်ကြီး အနားကို ကပ်လာပြီး " ကိုမောင် ဒီနေ့ ရော ဘာအစီအစဉ်ရှိလဲ " လို့ မေးလိုက်တာကို သူ့ မိန်းမလည်း ကြားသွားရော မျက်နှာကြီးနီပီး ဒေါသတွေထွက်ကာ ဦးမောင်ကြီး ကို ဂုတ်ကဆွဲပြီး ကလပ်အပြင်မှာရှိတဲ့ Taxi ပေါ်တက်ပြီး အိမ်ပြန်ဖို့ လုပ်တယ် .. ဒီတော့မှ တက်စီ ဆရာ ကို နောက်လှည့်ကြည့်ပီးပြောလိုက်တယ်
~ မောင်သော်
အထာကျတဲ့အာဂဟာသများ
Subscribe to:
Posts (Atom)