Friday, December 20, 2013

ကျွန်တော်နှင့် ကျွန်တော်ထာဝရချစ်ရပါသော မဖုရား






ဒါကတော့ research လုပ်ရာမှာ အသုံးပြုတဲ့ SPSS software ကို အသုံးပြုနည်း ဖြစ်ပါတယ် ကိုသန့်ဇင်ရဲ့ Old flame blog က ယူလာတာပါ

Old Flame: How do Grouping in SPSS: ကျောင်းက သင်လိုက်တာလေးတွေမေ့သွားရင် ဒီမှာ ပြန်နွှေးလိုက်ရအောင်ဗျာ။ group ခွဲနည်းအကြောင်းပြောကြမယ်။ spss မရှိသေးရင် ဒီမှာ ယူပါ။ ပထမဦးဆ...

Old Flame: မိုးဇက်ရဲ့ကဗျာ

Old Flame: မိုးဇက်ရဲ့ကဗျာ: အသံများ တီးတိုးစကားသံများ တံစက်မြိတ်မှာ ခိုတွဲနေတဲ့ေ၇စက်ကလေးတွေ ခုန်ဆင်းသွားသလို မိုးစက်ကလေးတွေမှန်ပြတင်းကို ခုန်ကပ်လိုက်သလို သွပ်မို...


UCH ကျောင်းသားသမဂ္ဂ အဖွဲ့  ကို
ယ နေ့  (August 25, 2013) နံနက် မှာ
စတင် ဖွဲ့ စည်း လိုက်ပါတယ်။
အမှု ဆောင် အဖွဲ့ ဝင် များမှာ၊
ဥက္ကဌ။ ။ကိုအောင် ဇင် ထွန်း(ဖိုင် နယ်)
ဒုဥက္ကဌ။ ။ကိုထက်အောင်ကျော် (တတိယနှစ်)်
အတွင်းရေးမုး။ ။ကိုတိုးအောင် (တတိယနှစ်)်
တွဲဖက်အတွင်းရေးမှူး။ ။ကိုအာကာဖြိုးသန့် (ဒုတိယနှစ်)
ပြန်ကြား/ဆက်သွယ်ရေး။ ။ကိုအောင် ဇင် ထွန်း(တတိယနှစ်)
တွဲဖက်ပြန်ကြားဆက်သွယ်ရေး။ ။ကိုမင်းနောင်(တတိယနှစ်)
။ကိုဇင် မျိုးထက်အောင်(ဒု)
ဘဏ္ဍာရေးမှူး။ ။မ ရွှေစင်ဝင်း(ဒု)
တွဲဖက်ဘဏ္ဍာရေးမှူး။ ။ကိုထက်နိုင်အောင်(ဖိုင် နယ်)
မှတ်တမ်း။ ။မ ဆွေဆွေသိန်းထွန်း(တတိယနှစ်)
တွဲဖက်မှတ်တမ်း။ ။မချိုဇင်ဝင်း(တတိယနှစ်)
အဖွဲ့ ဝင်များ။ ။မယုရတနာမြင့် ၊(တတိယနှစ်)
် ။မမေရတနာစိုး(ဒုတိယနှစ်)
။ကိုသန်းထိုက်အောင်(ဖိုင်နယ်)

လေတပ်လေယဉ်ကွင်းတိုးချဲ့ရန်မြေသယ်ကားများမောင်းနှင်းမှုကြောင့်ပျက်စီးသွားသော ကျန်းမာရေးတက္ကသိုလ် ချည်းကပ်လမ်းပိုင်းအား ကန်ထရိုက် ကုမ္မဏီ ဖြစ်သော GE company မှ ပြန်လည်ပြုပြင်နေ

18.12.2013 ရက်နေ့ က DVB သတင်းဌာန နှင့်အင်တာဗျူး ပြီးသည့် နောက်
ပိုင်း တာဝန်ရှိသူများမှ လုပ်ဆောင်လာသည့် လုပ်ငန်းရပ်ဖြစ်သည်။ယမန်နေ့ 19.12.2013 နေ့ က GE ကုမ္မဏီမှ တာဝန်ရှိသူများက မြေသယ်ကားများမောင်းနှင်အသုံးပြု သည့် လမ်းပိုင်းအားလာရောက်လေ့လာ ပြီး 20.12.2013 ရက်နေ့ တွင်လမ်းပြုပြင်
ရေးလုပ်ငန်းစတင်လုပ်ဆောင်လာကြောင်း ဒေသခံပြည်သူများကပြောသည်။အဆိုပါကိစ္စနှင့် ပတ်သတ်၍ လမ်းပြုပြင်နေသော တာဝန်ခံ မှပြောကြားရာတွင်-

( ကုမ္မဏီ တာဝန်ရှိသူတွေ အနေနဲ့ကျန်းမာရေးတက္ကသိုလ်အကြီးအကဲ တွေ နဲ့ တွေ့ဆုံမယ်လို့ ပြောတယ်။ ကျွန်တော်တို့ လမ်းပြုပြင်မှာ ကတော့ ကျောက်သားထူထူကပ်ပြီးတော့ ကတ်တရာ လမ်းပြန်လုပ်ပေးမှာပါ။လမ်းပြင်မယ့်အပိုင်းက တော့ ဒီ ကျန်းမာရေးတက္ကသိုလ်သို့ ဆိုတဲ့ ဆိုင်းဘုတ်နားကနေ ရေကန်အကွေ့နားလမ်းပိုင်းကိုပြင်မှာပါ)
ဟု ပြောသည်။

ကျန်းမာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှ တာဝန်ခံများနှင့်တွေ့ဆုံစဉ် ပါမောက္ခချုပ်ဒေါက်တာမျိုးသန်းမှ ပြောကြားသည်မှာ-
(တက္ကသိုလ်တစ်ခုအတွက်လမ်းတို့ အဆောက်အဦိတို့ ဆိုတာကတော့ hardware ပေါ့။ Hardware တွေ ကောင်းဖို့လိုသလို software ဖြစ်တဲ့ တက္ကသိုလ်အနေနဲ့ အရည်အသွေးပြည့်မီတဲ့ products တွေ ထုတ်နိုင်ဖို့ အတွက်လည်း ကျောင်းသား/ဆရာ ပူးပေါင်းပြီးကြိုးစားလုပ်ဆောင်ဖို့ လိုမယ်)
ဟုမှာကြားပြောဆိုသည်။

ထို့နောက် လ/ထ မော်ကွန်းထိန်းအနေနှင့်လည်း ကျန်းမာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူးနှင့် တွေ့ဆုံစဉ် တွင်-
(ဆရာတို့အနေနဲ့ လည်း မနေ့ကပဲတိုင်းအစည်းအဝေးမှာ လူမှုရေးဝန်ကြီးကိုတင်ပြခဲ့ပါတယ်။သူ့အနေနဲ့လည်း တိုင်းဝန်ကြီးချုပ်ကိုဆက်လက်တင်ပြသွားမယ်လို့ပြောတယ်)

ဟုပြောပါသည်။ ထိုလမ်းပိုင်းမှာ ပျက်စီးနေသည်မှာ အတော်အတန်ကြာမြင့်နေပြီဖြစ်သည်။ ယခုပြင်ဆင်နေသည်မှာ လည်းဟန်ပြ မဖြစ်စေရန် ကျန်းမာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှ
အလေးအနက်တိုက်တွန်းအပ်ပါသည်။ ယခုအကြိမ်ပြင်ဆင်ပြီးစီးပါကလည်း နောက်ထပ်မြေသယ်ကားများဆက်လက်မောင်းနှင်ပါက လမ်းမှာ ပျက်မြဲပျက်နေမည်သာဖြစ်ပါသည်။ထို့ အတွက်
တက္ကသိုလ်အာဏာပိုင်များအနေနှင့် ကုမ္မဏီမှ နောက်ထပ် project များရှိသေးသည်ဆိုလျှင်သီးခြားလမ်းအသုံးပြု ရန်သတိပေးပြောဆိုရန်လိုအပ်မည်ထင်ပါသည်။
မှတ်ပလားကွ
မင်္ဂလာဦး၊ ဇနီးမောင်နှံနှစ်ဦး ပျော်ရွှင်စာ အိမ်သစ်သို့ ပြောင်းရွှေ့ကြသည်။

နောက်တစ်နေ့“မောင်ရေ… ချစ်တို့ရဲ့ ရေချိုးခန်းက ရေပိုက်က ယိုနေတဲ့မောင်ရဲ့ မောင်ပြင်ပေးပါလားဟင်”

“ဘာကွ… မင်းက ငါ့ကို ပိုက်ပြင်သမားများ မှတ်နေလား”

နောက်တစ်နေ့“မောင်ရေ… ချစ်တို့ရဲ့ ကားက စက်နှိုးလို့မရတော့ဘူး။ မောင်တစ်ချက်လောက် ကြည့်ကြည်ပါလားဟင်”

“ဘာကွ…. မင်းကငါ့ကို စက်ပြင်ဆရာများမှတ်နေလား”

နောက်တစ်နေ့………. မိုးများ သည်းသည်းမည်းမည်းရွာနေသည်“မောင်ရေ.. အိမ်ခေါင်မိုးက ရေတွေယိုနေတယ်၊ မောင်တစ်ချက်လောက် ကြည့်ကြည်ပါလားဟင်”

“ဘာကွ.. မင်းကငါ့ကို ခေါင်မိုးဖာတဲ့လူများထင်နေလား”

နောက်တစ်နေ့ ယောက်ျားဖြစ်သူ အိမ်သို့ပြန်လာသည်။ ရေချိုးခန်းက ရေပိုက်လည်း မယိုတော့၊ ကားကလည်း စက်နှိုးလို့ရသည်။ အိမ်ခေါင်မိုးလည်း မိုးမယိုတော့

“ချစ်ရေ… အားလုံးအိုကေနေပါလား.. ချစ်ဘယ်လိုလုပ်လိုက်တာလည်း”

“သြော်.. ဒီလိုမောင်ရဲ့ ချစ်တို့ အိမ်နီးချင်းက အဲ့ဒါတွေ အကုန်လုပ်ပေးသွားတာ”

“ဟုတ်လား ချစ်ရဲ့ ဘယ်လောက်ပေးလိုက်ရလဲ”

“ဟင့်အင်း မပေးရပါဘူး။ အိမ်နီးချင်းကပြောတယ်.. သူ့ကို ကိတ်မုန့်ဖုတ်ကျွေးချင်ကျွေး၊ မကျွေးချင်ရင် ချစ်ကို သူနဲ့ အိပ်ပါတဲ့”

“သြော်.. ဒါဆို ချစ်က သူ့ကို ဘယ်လိုမျိုး ကိတ်မုန့် ဖုတ်ကျွေးလိုက်လဲ”

“ဘာရှင့်.. ရှင်က ကျွန်မကို ကိတ်မုန့်ဖုတ်သမားများ အောက်မေ့နေလား”

~သေးထွက်ရီရသောဟာသများ~

ဒီဓါတ်ပုံမြင်တော့ စိတ်ထဲမကောင်းလှဘူး
ဓါတ်ပုံအမြင်အရတော့ဦးသိန်းစိန်လည်းအပြောခံချင်စရာပဲ ဒါပေမယ့် အသက်ချင်းယှဉ်ကြည့်ပါ အိုဘားမား ဘယ်အရွယ်လဲ ဦးသိန်းစိန် ဘယ်အရွယ်လဲ ဘယ်အရွယ်ဆို ဘယ်ရောဂါတွေ ဖြစ်တတ်လဲ ဒူးနာခါးနာ အစရှိသဖြင့်ပေါ့ တကယ်ပဲ ဦးသိန်းစိန်က အကျောကြီးနဲ့ ခိုင်းတာလား ဆိုတာ စဉ်းစားဖိ့လိုတယ် ကိုယ့်ပုဆိုးတောင်ကိုယ် အနိုင်နိုင်ဝတ်နေရတဲ့ အဖိုးအဖွားတွေနဲ့ ဦးသိန်းစိန်ဟာ အသက်ချင်းသိပ် မကွာဘူးဆိုတာ လည်းထည့်စဉ်းစားသင့်တယ် ဆရာကြီး လုပ်တာမဟုတ်သလို ဦးသိန်းစိန်ဖက်က ကာကွယ်ပြောတာလဲ မဟုတ်ပါဘူး ဒါပေမယ့် ဒီပုံကို Share သူတွေ သေချာစဉ်းစားကြည့်ပြိးမှ စဉ်းစားကြည့်ပေးပါ။ အပုပ်ချသူတွေရဲ့ အသုံးချခံဖြစ်မှာစိုးလို့ပါ စိတ်မရှိပါနဲ့ စိတ်ထဲတော့ မကောင်းလှဘူးဗျာ